Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ ကော်ဖီတင်ပို့နိုင်မှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


31 Jul,2024

တောင်ကြီး၊ ဇူလိုင် ၃1

          ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ TBC စီးပွားရေးဇုန်ရှိ Green Gold ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းဂိုဒေါင်မှ ဟိုပုံးမြို့နယ်၊ ကျောင်းလွယ်ကျေးရွာရှိ အသစ်ဆောက် လုပ်ထားသော Green Gold သမဝါယမအသင်းပိုင်ဂိုဒေါင်သို့ ကော်ဖီစေ့များ ပြောင်းရွှေ့နေမှု၊ သိုလှောင်ထားရှိမှုအခြေအနေများနှင့် ပြည်ပနိုင်ငံသို့ တင်ပို့မှုအခြေအနေများကို ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့သည်။

          ထို့နောက် Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမန်နေဂျာမှ ဟိုပုံး၊ လွိုင်လင်မြို့နယ်တို့မှ သမဝါယမအသင်းသားများ၏ ကော်ဖီရောင်းချမှုနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းခဲ့ရာ ပြည်နယ်ဦးစီးမှူးမှ အသင်းသားများ၏ ကော်ဖီရောင်းချမှုများအပေါ် Refund ပြန်လည်ပေးနိုင်ရေး ဆောင်ရွက်ရန်၊ ကျောင်းလွယ်ကျေးရွာရှိ အသင်းပိုင်ဂိုဒေါင်တွင် အသင်းဝန်ထမ်းအိမ်ယာဆောက်လုပ်ရာတွင် စနစ် တကျ စာချုပ်ချုပ်ဆိုဆောင်ရွက်ရန်နှင့် အသင်းဂိုဒေါင်တွင် ရေရရှိရေး ကာလသတ်မှတ်၍ ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm