Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လပွတ္တာခရိုင်အတွင်း ဆောင်ရွက်နေသော လမ်း၊ တံတားများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး


31 Jul,2024

လပွတ္တာ ဇူလိုင် ၃၀

              ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်များအတွင်းရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များအား ဇူလိုင် ၂၉ ရက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

             ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဧရာဝတီတိုင်းဒေသကြီး တိုင်း တာဝန်ခံအင်ဂျင်နီယာချုပ်(မြို့ပြ)ဦးကျော်ကျော်ထွေးနှင့် တာဝန်ရှိသူများသည်လပွတ္တာခရိုင်အတွင်း ဆောင်ရွက် နေသော လမ်း၊ တံတားများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် လပွတ္တာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မူမူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm