Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတောင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားများသို့ သွင်းအားစုဓါတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်


26 Jul,2024

ပန်းတောင်း ဇူလိုင် ၂၆

ပဲခူးတိုင်း‌ဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး၊ အချိန်မီ ထွန်ယက်စိုက်ပျိုးပြီး စိုက်ပျိုးသီးနှံ အထွက်တိုးကာ ဈေးကောင်းရရှိစေရေးတို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှင့်ညီမျှသော သွင်းအားစုဓါတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခဲ့သည်။

ထိုသို့ဖြန့်ဖြူးပေးအပ်ရာတွင် မိုးစပါးစိုက်ပျိုးသည့်သမဝါယမအသင်း ငါးသင်းဖြစ်သည့် ရပ်သာ အနောက်ကျေးရွာရှိ ရပ်သာအနောက်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသား ၂၁ ဦး စိုက်ဧက ၈၉ ဧကအတွက် တန်ဖိုးငွေကျပ် ၁၇.၈ သန်း၊ မကြီးထုံးကျေးရွာရှိ ရွှေထုံးရတနာစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသား ၂၉ ဦး စိုက်ဧက ၂၈၁ ဧကအတွက် တန်ဖိုးငွေကျပ် ၅၆.၂ သန်း၊ ကြခပ်ရပ်ကွက်ရှိ ရွှေမြန်မာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသား ၂၁ ဦး စိုက်ဧက ၂၆၀ ဧကအတွက် တန်ဖိုး ငွေကျပ် ၅၂ သန်း၊ သဲကောကျေးရွာရှိ ရတနာတိုးစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမ အသင်းမှ အသင်းသား ၇၅ ဦး စိုက်ဧက ၁၆၄ ဧကအတွက် တန်ဖိုးငွေကျပ် ၃၂.၈ သန်း၊ နတ်မောက်ကျေးရွာရှိ နတ်မောက်လယ်ယာနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသား ၃၄ ဦး စိုက်ဧက ၁၅၆ ဧကအတွက် တန်ဖိုးငွေကျပ် ၃၁.၂ သန်း၊ စုစုပေါင်းသမဝါယမအသင်းသား ၁၈၀ ဦး၏ စိုက်ပျိုးဧက ၉၅၀ ဧကအတွက် တန်ဖိုးငွေကျပ် ၁၉၀ သန်းနှင့်ညီမျှသည့် သွင်းအားစုဓါတ်မြေဩဇာ များကို သက်ဆိုင်ရာတာဝန်ရှိသူများက အသင်းသားများလက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့ ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm