Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တွံတေးမြို့နယ်၌ RBF စီမံကိန်းဖြင့် မွေးမြူထားသောနွားမွေးမြူရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး


26 Jul,2024

တွံတေးမြို့နယ်၌ RBF စီမံကိန်းဖြင့် မွေးမြူထားသောနွားမွေးမြူရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်း (RBF) စီမံကိန်းဖြင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးစေရန် ဆောင်ရွက်ထားသည့် နွားမွေးမြူရေးလုပ်ငန်းနှင့်မိသားစုဝင်ငွေတိုး စီးပွဦးရေးလုပ်ငန်းများ အောင်မြင်ဖြစ် ထွန်းမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ခတ္တိယရွာသစ် ခေတ်မီစံပြကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးနှင့် တာဝန်ရှိသူများသည် ခတ္တိယရွာသစ် ခေတ်မီစံပြ ကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေဖြင့် ကျေးလက်မေတ္တာအဖွဲ့၊ လမ်းပြကြယ်အဖွဲ့၊ တိုးတက်စေလိုအဖွဲ့နှင့် ခတ္တိယစံပြအဖွဲ့တို့က မွေးမြူထားသော မေထုန်နွား ၁၉ကောင်နှင့် ဒေသနွား ငါးကောင် စုစုပေါင်း ၂၄ကောင် မွေးမြူထားမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး RBF အသင်းသား အသင်းသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွင်ပေးခဲ့သည်။

ခတ္တိယရွာသစ် ခေတ်မီစံပြကျေးရွာ၌ အဆိုပါ အစုအဖွဲ့စနစ်ဖြင့် မိသားစုဝင်ငွေတိုး စီးပွဦးရေးလုပ်ငန်းများကို ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း RBF စီမံကိန်းချေးငွေ ကျပ်သိန်း ၃၀၀၊ အသင်းဝင်များ၏ မတည်ငွေကျပ်သိန်း ၁၀၀ စုစုပေါင်း ငွေကျပ်သိန်း ၄၀၀ ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်လုပ်သူများ၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော အရင်းအနှီးရရှိစေရန်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား အစုအဖွဲ့ စနစ်ဖြင့် ဆောင်ရွက်တက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm