Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခရမ်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ သွင်းအားစုပေးအပ်ပွဲ ကျင်းပ


24 Jul,2024

ခရမ်း ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် သမဝါယမအသင်းသားတောင်သူများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ သွင်းအားစုပေးအပ်ပွဲကို ဇူလိုင် ၂၃ ရက်က ခရမ်းမြို့နယ်သမဝါယမဦးစီးဌာနအစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက အမှာစကားပြောကြား ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဦးဝင်းဇော်မှ ဘဏ်ချေးငွေ၊ ဆပ်ငွေ ကိစ္စများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ခရမ်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် မိုးစပါးကို မြို့နယ်သမဝါယမအသင်းစုမှ အသင်း(၁)သင်း၊ ရွှေမေအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ ကျေးရွာ(၃)ရွာရှိ အသင်းသား (၁၅၀)ဦးအတွက် ဧက(၂၀၀၀)၊ တန်ဖိုးငွေ သိန်း(၄၀၀၀)နှင့်ညီမျှသော သွင်းအားစုကို မြို့နယ်အုပ်ချုပ် ရေးမှူးဦးအောင်ရဲနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်တို့က အသင်း သားများ လက်ဝယ်အရာက်ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ပေးအပ်ခြင်းဖြင့် သမဝါယမအသင်းအဆင့်ဆင့်ရှိ အသင်းသားများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်နှင့် ဝင်ငွေတိုးပွားလာစေရန်အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်၊၊

ခရမ်း (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm