Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရေး AutoCad သင်တန်းဖွင့်


23 Jul,2024

ထားဝယ် ဇူလိုင်၂၃ ရက်

တနင်္သာရီတိုင်းဒေသကြီးကျေးလက်‌ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင် ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရန်ရည် ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး AutoCad သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်က သင်တန်းသား သင် တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးမည့် သင်ခန်းစာများကို စဉ်ဆက်မပြတ်လေ့လာ သင်ယူရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိစွာ ပြန်လည်အသုံးချကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးကျေး လက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်အေးက သင် တန်းတွင် ပို့ချမည့်ဘာသာရပ်များ၊သင်တန်းတက်ရောက်ရာတွင်လိုက်နာရမည့် စည်းကမ်းများကိုရှင်းလင်းပြောကြားပြီး အဆိုပါ AutoCad သင်တန်းသို့ တနင်္သာရီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊မြို့နယ်များမှ ဝန်ထမ်း စုစုပေါင်း ၃၀ ဦးတက်ရောက်ကြပြီး သင်တန်းတွင် AutoCad Software အသုံးပြု၍ အခြေခံပုံရေးဆွဲနည်းသင်ခန်းစာများကို ကျွမ်းကျင်နည်းပြဆရာများက ယနေ့မှစ၍ ဇူလိုင်လ ၂၇ ရက်ထိ ၅ ရက်ကြာ စာတွေ့၊လက် တွေ့ ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm