Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရေကန်များတူးဖော်နေမှု ကြည့်ရှုအားပေး


07 Sep,2024

နေပြည်တော် စက်တင်ဘာ ၇

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းရေကန် (၉၁) ကန်အား ပြန်လည်တူးဖော်လျက်ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စေတနာ ရှင်အလှူရှင်များက (၂၈) ကန် တူးဖော်ပြီးစီးခဲ့ပြီး တူးဖော်ဆောင်ရွက်ဆဲ (၉) ကန်၊ ဆက်လက်တူးဖော် ရန် အလှူရှင်ပေါ်ပေါက်ထားပြီး (၄၈) ကန် ဖြစ်ပါသည်။   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအနေဖြင့်လည်း ရေကန် (၂) ကန် ပါဝင်လှူဒါန်း တူးဖော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် တူရွင်းတိုင်ကျေးရွာအနီးရှိ ကန်အမှတ်-၀၅၉ ပအိန်းကန် တူးဖော်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသုတေ သနဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ တူးဖော်ကြရေး၊ မိုးမကုန်မီ ရေစုဆောင်းနိုင်ရေးအတွက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး မှာကြာခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကုန်းတန်းကြီးကျေးရွာအဝင်လမ်း အရှည် (၄) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်ပေးမည့် လမ်းအရှည် (၁)မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအတွက် အောက်ခံမြေပြုပြင်နေမှုနှင့် ရေကျော် တည်ဆောက်မည့်နေရာများကိုလည်းကောင်း၊  ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကုန်းတန်းကြီးကျေးရွာသို့ သွားရောက်၍ ကုန်းတန်းကြီး စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၊ သန့်စင်ကြယ် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမ အသင်း၊ ဖျောက်ဆိပ်ကင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းတို့မှ အသင်းသား အသင်းသူများနှင့်တွေ့ဆုံ၍ ယခုဆောင်းရာသီတွင် ဆီထွက်သီးနှံ ဧက (၄၀၀) စိုက်ပျိုးကြရေး၊ ယင်းသို့ စိုက်ပျိုးရာတွင် ညောင်ဦးမြို့နယ်သမဝါယမအသင်းစုက နိုင်ငံ့စီးပွားပံ့ပိုးမှုနှုန်းထားအတိုင်း တစ်ဧကလျှင် ငွေကျပ် ၃ သိန်းနှင့်ညီမျှသော ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ ပံ့ပိုးပေးမည့်အခြေအနေ၊ သီးနှံပေါ် ပေးစနစ်ဖြင့် ရရှိလာသော မြေပဲများကို သမဝါယမဆီစက်များက ကြိတ်ခွဲ၍ ဒေသဝမ်းစာဖူလုံရေးအတွက် ဖြန့်ဖြူးရောင်းချပေးမည့်အပြင် အသင်းသားတောင်သူများက မိမိတို့ဆန္ဒအလျောက် ရောင်းချလာမည့် မြေပဲများကိုပါ ဝယ်ယူ၍ ကြိတ်ခွဲဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ညောင်ဦးခရိုင်းအတွင်း၌လည်း ဆီထွက်သီးနှံ စိုက်ဧက (၁၀,၅၄၃)ဧကကို ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ အသင်းပိုင်ငွေ စိုက်ထုတ်၍ မျိုး၊ မြေဩဇာများ ဖြန့်ဖြူးပေးထားပြီး သီးနှံ အထွက်တိုးရေး ဆောင်ရွက်လျက်ရှိပါသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်း ရေကန်များနှင့် အထင်ကရနေရာများသို့ သွားလာမှုလွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်အရ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြုပြင်ဖောက်လုပ်ပေး လျက်ရှိသည့် လမ်း (၉) လမ်းတွင် ပါဝင်သော အရှေ့ဖွားစောကျေးရွာမှ ဇယဝေရီကန်သို့ သွားသည့် လမ်းသို့ သွားရောက်ကာ လမ်းအရှည် ၁ မိုင် ၂.၃ ဖာလုံတွင် ၂.၃ ဖာလုံဂျင်းကျောက်ခင်းထားမှု၊ ပေ ၅၂၄၀ ၌ မြေသားထု ၂ ပေ တင်၍ သိပ်သည်းမှု (Compaction) ရရှိအောင် ဆောင်ရွက်ထားရှိမှု၊ ပေ ၁၅၀  ကွန်ကရစ်ရေကျော် စတင်တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးကာ  သတ်မှတ်ကာလအမီ ဂျင်း ကျောက်ခင်းခြင်းနှင့် ပေ ၅၀ ရေကျော်၊ ပေ ၈၀ ရေကျော်များ ဆက်လက်တည်ဆောက်သွားရေး မှာကြား သည်။ ဆက်လက်ပြီး ဇယဝေရီကန်သို့ သွားရောက်ကာ မိုးရေစုဆောင်းရရှိမှုူနှင့် ကန်ပတ်ဝန်းကျင် သစ်ပင်စိုက်ပျိုးထားရှိမှု အခြေအနေအား ကြည့်ရှုခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဖွားစောကျေးရွာအုပ်စု၊ သူဌေးကန်ကျေးရွာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားနေသည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။ ယင်းနောက် သင်တန်းသူတစ်ဦးက ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသူများအတွက် အပ်ချုပ်စက် များ ထောက်ပံ့ပေးအပ်ကာ ၎င်းတို့ချုပ်လုပ်ထားသော သင်တန်းဆင်းလက်ရာများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မင်းနန်သူကျေးရွာ အဝင်လမ်း အရှည် (၂.၅၈) ဖာလုံတွင် အရှည်ပေ (၂၀) ကွန်ကရစ်ရေကျော် တည်ဆောက်နေမှုနှင့် ကတ္တရာခင်းရန်အတွက် ပစ္စည်းစုဆောင်းနေမှုအခြေအနေများကိုလည်းကောင်း၊  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မင်းနန်သူကျေးရွာတွင်းလမ်းများ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တူးဖော် ပေးခဲ့သော မြေနဲလေးကျေးရွာအနီးရှိ ကန်အမှတ်-၀၆၁ တူးဖော်ပြီးစီးမှုနှင့် ရေစတင်ဝင်ရောက်မှု အခြေ အနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကန်များတွင် မိုးရေစုဆောင်းနိုင်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် စိန်းလမ်းစိုပြေရေး၊ မြေအောက်ရေ ပြန်လည်ဖြည့်တင်းရေးတို့အတွက် အကျိုးပြု သွားမည် ဖြစ်သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ညောင်ဦးမြို့နယ်သမဝါယမအသင်းစုပိုင် အနော်ရထာဆီစက် သို့ သွားရောက်ပြီး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးသမဝါယမအသင်းများ၏ ဆီထွက် သီးနှံများကို ကြိတ်ခွဲဖြန့်ဖြူးပေးရေး၊ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် မိမိတို့သမဝါယမ ဆီစက်များအနေဖြင့် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက် ရေးအစီအစဉ်အရ ချိတ်ဆက်ထားသော ခေတ်မီစံပြကျေးရွာ (၃) ရွာအနက် ခရီးသွားကဏ္ဍ(Tourism) ဖြင့် ချိတ်ဆက်ထားသည့် မြင်းကပါစံပြကျေးရွာသို့ သွားရောက်ပြီး ကျေးရွာတွင်းလမ်းများ ဂျင်းကျောက် ခင်းခြင်းလုပ်ငန်း၊ လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ အုတ်ရိုးစီခြင်းလုပ်ငန်း၊ Slab Culvert (၁၀) စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လောကနန္ဒာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကန် တော့ပြီး ပြီးခဲ့သည့် ဩဂုတ်လ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းပို့ချ၍ မဉ္ဇူသက နတ်ပန်းမှ ရေချိုးဆပ်ပြာ၊ လက်ဘက်ခြောက်၊ ယို၊ အလှဆီ၊ ခေါင်းလျှော်ရည် စသည့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနေသော ဒေသခံဈေးသည်များနှင့် တွေ့ဆုံအားပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ပုဂံမြို့သစ်ရှိ ဦးဘငြိမ်း၏ ယွန်းထည်လုပ်ငန်းသို့ သွားရောက် ကြည့်ရှုလေ့လာ၍ မြင်းကပါခေတ်မီစံပြကျေးရွာ၌ ယွန်းထည်လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် တတ်နိုင်သည့် ဘက်မှ လက်တွဲဆောင်ရွက်ကြရေး ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm