Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ် ရွှေဝါထွန်း(၂) သမဝါယမအသင်းနှင့် ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း စိုက်ပျိုးထုတ်လုပ်နေမှုများအား ကွင်းဆင်းစစ်ဆေး


18 Jul,2024

နေပြည်တော် ဇူလိုင် ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာသို့ သွား ရောက်ပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းနှင့် ရိမ်းဘိုးသမဝါယမအသင်း တို့မှ အသင်းသားတောင်သူများ၊ မြန်မာ Uni Seimer ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် မြန်မာ Uni Seimer ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းပိုင်မြေ (၁၀၂.၃) ဧကပေါ်တွင် ဝါ၊ စပါး၊ မတ်ပဲ၊ မြေပဲ၊ ပဲတီစိမ်း၊ ဖူးစားပြောင်းနှင့် နှံစားပြောင်းတို့အား ရွှေဝါထွန်း(၂) သမဝါယမအသင်းနှင့် မြန်မာ Uni Seimer ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း စိုက်ပျိုးဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်ခြင်းသည် စံပြအဖြစ် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေပြင်စနစ်တကျ ပြုပြင်နိုင်ရေး၊ စိုက်ပျိုးရေ ရရှိရေး၊ နည်းပညာများ ဖြန့်ဝေပေးနိုင်ရေးတို့တွင် အကျိုးတူရင်းနှီးမြှုပ်နှံနိုင်အောင် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ကုမ္ပဏီနှင့် သမဝါယမအသင်းတို့၏ အကျိုးစီးပွားတိုးတက်ရေးကို ဦးဆောင်ဦးရွက်ပြု ဆောင်ရွက် ကြစေလိုကြောင်း၊ သီးနှံတစ်ခုချင်းအလိုက် ရိတ်သိမ်းရောင်းချပြီးချိန်တွင် အကျိုးအမြတ်ခွဲဝေရာ၌ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် လိုက်နာရမည့် မျိုး၊ မြေ၊ ရေ၊ နည်း ဆိုသည့် စိုက်နည်းစနစ်လေးမျိုးကို မှန်ကန်စွာ အသုံးပြုဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ဈေးနှုန်းသက်သာပြီး အရည်အသွေး မှန်ကန်သော မျိုးနှင့် သွင်းအားစု ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများအား တောင်သူများလက်ဝယ် စိုက်ပျိုးချိန် အမှီ ရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သမဝါယမအသင်းသားများအနေဖြင့် မိမိတို့၏ စိုက်ပျိုးမြေ အရည်အသွေး၊ အမျိုးအစား၊ မြေပြင်အခြေအနေတို့ကို သိရှိအောင် ဦးစွာ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အမယ်စုံစိုက်ပျိုးနေမည့်အစား မြေနှင့်ကိုက်ညီသော၊ အထွက်နှုန်း မြင့်မားသော၊ စီးပွားဖြစ်မည့် အဓိကသီးနှံများကိုသာ ရွေးချယ်စိုက်ပျိုးစေလိုကြောင်း၊ ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရေး အတွက်လည်း ကြိုတင်အစီအမံများ ရေးဆွဲစီစဉ်ထားစေလိုကြောင့်ဖြင့် တိုက်တွန်း မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် ရိမ်းဘိုးသမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းစိုက်ပျိုးခဲ့သော နွေစပါးဧက (၂၀) ရိတ်သိမ်းခြွေလှေ့မည့် အခြေအနေ၊ ဝါစိုက်ခင်းများ စိုက်ပျိုးထားမှုနှင့် အခြားသီးနှံများ စိုက်ပျိုနိုင်ရေး မြေယာပြုပြင်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သီးနှံများ အလေအလွင့်မရှိစေရေးအတွက် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းရေး၊ မိုးရာသီ ဖြစ်၍ အမိုးအကာအောက်သို့ အချိန်မီရောက်ရှိရေး မှာကြားကာ လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm