Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် ပေါင်းတူး(တ)ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအ‌နေများအား ကွင်းဆင်းစစ်ဆေးခြင်း


16 Jul,2024

စလင်းမြို့နယ် ပေါင်းတူး(တ)ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအ‌နေများအား ကွင်းဆင်းစစ်ဆေးခြင်း

စလင်း ဇူလိုင် ၁၆

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ပေါင်းတူး(တ)ကျေးရွာ၌ ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများအား ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများမှ ပေါင်းတူး(တ)ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းတွင် DCP တိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူးမှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

          စလင်းမြို့နယ်၊ ပေါင်းတူး(တ)ကျေးရွာ၌ အရှည် ၂ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ ပေ ၉ လက်မရှိ ကျောက်ရောမြေခင်း၍ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို  ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ  ၁၇၆ ဒသမ ၈၈၁ သန်း ဖြင့် တော်ဝင်ထွန်းကုမ္ပဏီမှ ယခု နှစ် ဇွန် လ ၁၄ ရက်နေ့က တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုမှာ   ၆၀% ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသည်။

အဆိုပါကျေးရွာကုန်ထုတ်လမ်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ပေါင်းတူး (တ) ကျေးရွာနှင့် အနီးရှိ ပေါင်းတူး(မ) ကျေးရွာများမှ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးမြေ ဧက ၇၀၀ ခန့်နှင့် မွေးမြေူရေးလုပ်ငန်း၊ အခြားထုတ်ကုန်၊ ထွက်ကုန်များအား ကုန်ကျ စရိတ်သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ အချိန်မီရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်ထံမှ သိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm