Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး အသေးစားဦးစီးဌာန၏ ဝင်ငွေတိုးစီမံကိန်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်မှာကြား


15 Jul,2024

နေပြည်တော် ဇူလိုင် ၁၅

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေး စီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ ကျေးရွာပေါင်း (၁၅၁) ရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ကျေးရွာပေါင်း (၂၂၁) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ စီမံကိန်းပါ လုပ်ငန်း (၇) ခုအနက် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးလုပ်ငန်းတွင် ပါဝင်သည့် လယ်ဝေး မြို့နယ်၊ ရေအိုးစင်ကျေးရွာအုပ်စုအတွက် ရေခဲမုန့် အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် ကြောင်ရေကျေးရွာအုပ်စုအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး မှူးများ၊  ကျေးရွာများမှ ရပ်မိရပ်ဖများ၊ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဝင် များနှင့် လုပ်ငန်းဆောင်ရွက်မည့်သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အဖွင့် အမှာစကား ပြောကြားသည်။ ယင်းနောက် ကျေးရွာအုပ်စုကိုယ်စားလှယ်များနှင့် သင်တန်းနည်းပြ များက မိတ်ဆက်စကားပြောကြားသည်။

          အဆိုပါကျေးရွာများတွင် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှုနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းများအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေး သွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား (၅) ဦးအား သတ်မှတ် ချက်များနှင့်အညီ ရွေးချယ်ကာ စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်