Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ


24 Dec,2024

နေပြည်တော် ဒီဇင်ဘာ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ (ToT) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လေ့ကျင့်ပျိုးထောင်ရေး စင်တာ (Incubation Center) တွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ သင်တန်းသားသင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူ များ၏ အလုပ်အကိုင်အခွင့်အလမ်း ပေါများရေးနှင့် မိသားစုဝင်ငွေတိုးရေးအတွက် ဒေသနှင့်ကိုက်ညီ သော သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ရည်မှန်းချက်အောင်မြင်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက တစ်ဦးချင်းနှင့် အဖွဲ့လိုက် ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက သင်တန်းဆင်းအောင်လက်မှတ်များ ပေး အပ်ခဲ့ကြသည်။

ထို့နောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကား ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ပို့ချလေ့လာသင်ယူခဲ့မှု မှတ်တမ်းဗီဒီယို ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်