နေပြည်တော် ဒီဇင်ဘာ ၂၁
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့မှ (၂၀) ရက်နေ့ထိ ကျင်းပပြီးစီးခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲတို့တွင် တတိယဆုရရှိခဲ့ကြသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုဆုငွေများပေးအပ်ပွဲနှင့် ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မကြာသေးမီက သမဝါယမဦးစီးဌာနသည် နှစ် (၁၂၀) ပြည့်မြောက်ခဲ့ပြီး သမဝါယမစနစ်ကို ပြည်သူများတွင်ကျယ်စွာ သိရှိလာကြပြီဖြစ်ကြောင်း၊ ဘောလုံး အားကစားဆိုသည်မှာ သမဝါယမစနစ်ကဲ့သို့ပင် အတူတကွ တက်ညီလက်ညီ ကြိုးစားဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ အသင်းလိုက် ဂေါက်သီးရိုက် အားကစားနည်းသည်လည်း ထိုနည်းတူစွာပင် ဖြစ်ကြောင်း၊ ပထမဆု၊ ဒုတိယဆု မရရှိခဲ့သော်လည်း တတိယဆု ရယူနိုင်ခဲ့ပြီး ဝန်ကြီးဌာနဂုဏ် ဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နောင်ကျင်းပမည့် အားကစားပြိုင်ပွဲ များတွင် ဆုများရရှိအောင် ဆက်လက်ကြိုးစားကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ၌ တတိယဆုရခဲ့သော ဝန်ကြီးဌာန ကိုယ်စားပြု ဘောလုံးအသင်းမှ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများထံ ဆုချီးမြှင့်ငွေကျပ် သိန်း (၁၅၀) ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ငွေကျပ် သိန်း (၁၀၀) ကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအလယ်တန်းကစားသမားဆုရ ကျောနံပါတ် ၂၃ အသင်းခေါင်းဆောင် အောင်အောင်ဦးအား ဂုဏ်ပြုဆုငွေကျပ် (၁၀) သိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီးရိုက်အားကစားပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း (၁၀၀) ကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပေးအပ်ရာ အားကစားသမားများက လက်ခံရယူကြသည်။
ထို့နောက် ဂေါက်သီးရိုက်အားကစားသမားများကိုယ်စား အုပ်ချုပ်သူအဖွဲ့ဝင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် ဘောလုံး အားကစားသမားများကိုယ်စား အုပ်ချုပ်သူအဖွဲ့ဝင် သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၊ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲတို့တွင် တတိယဆုတံဆိပ် ရယူပေးခဲ့သော အားကစားသမားများနှင့်အတူ ဂုဏ်ပြုနေ့လည်စာ သုံးဆောင် ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်