Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီး Wei Wang ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံထုတ်လုပ်မှုစက်ရုံနှင့် သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး


23 Dec,2024

နေပြည်တော် ဒီဇင်ဘာ ၂၃

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Wei Wang (ဝေ့ဝမ်) ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံထုတ်လုပ်မှုစက်ရုံနှင့် အင်းစိန်မြို့နယ်ရှိ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေ ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Wei Wang ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံထုတ်လုပ်မှုစက်ရုံသို့ ရောက်ရှိကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက စက်ရုံနေ့စဉ်လည်ပတ်နိုင်မှု ထုတ်လုပ်နိုင်မှု၊ ကုန်ကြမ်းရရှိမှုနှင့် သံဘူးထုတ် လုပ်ဆောင်ရွက်နေမှု အဆင့်ဆင့်ကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံစွမ်းအားပြည့် ပုံမှန်လည်ပတ်နိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒါမှသာ အလုပ်သမားများ အလုပ်အကိုင်ရရှိရေးနှင့် ကုန်ထုတ်လုပ်နိုင်မှု အဆင်ပြေမှာဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိမှု အခက်အခဲရှိပါက နေရောင်ခြည် စွမ်းအင်သုံး ဆိုလာ တပ်ဆင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆိုလာတပ်ဆင်ပြီး နေ့ဘက် နေရောင် ခြည်ရရှိသည့် အချိန်တွင် လျှပ်စစ်မီး၊ ဒီဇယ်မီးစက်တို့နှင့် တွဲဖက်အသုံးပြုပါက လျှပ်စစ်ဓာတ် အားခနှင့် ဒီဇယ်သုံးစွဲမှုများ သက်သာပြီး အနည်းဆုံး (၈)နာရီ လည်ပတ်နိုင်မှာဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှုကိုလည်း ထိခိုက်မှုမရှိကြောင်း၊ စက်ရုံမှ ထွက်ရှိလာသော သံဘူးများအား နို့ထွက် ပစ္စည်းထုတ်လုပ်သည့် စက်ရုံများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေး မှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီးနောက် စက်ရုံအတွင်း သံဘူးထုတ်လုပ်နေမှုအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေး ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် အင်းစိန်မြို့နယ်ရှိ သီရိစန္ဒာ အထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံသို့ ရောက်ရှိကြည့်ရှု စစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက စက်ရုံအနေဖြင့် အထည်ချုပ်အလုပ်သမား ဦးရေ(၇၀၀)ကျော် ဖြင့် နေ့စဉ်လည်ပတ်ထုတ်နိုင်မှုအခြေအနေများ၊ ဂျပန်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့ Export  တင်ပို့ နိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ ချည်ဝယ်ယူ တင်သွင်းမှုကို လျှော့ချနိုင်ရေး၊ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထည်ချုပ်စက်ရုံများအတွက်လိုအပ်သော ချည်ထည်နှင့် ကုန်ကြမ်း များရရှိရေး ဝါစက်ရုံ၊ ချည်စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အထည်ချုပ် လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မှသာ စက်ရုံအပေါ် မှီခိုနေသည့် အလုပ်သမား(၇၀၀)ကျော် အလုပ်အကိုင်များရရှိမှာဖြစ်သလို ကုန်ထုတ်လုပ်မှုများလည်း အဆင်ပြေမှာဖြစ်ကြောင်း၊ လျှပ်စစ် ဓါတ်အားခ သက်သာစေရေးနှင့် စက်သုံးဆီ ဒီဇယ်များလျှော့ချသုံးစွဲနိုင်ရေးအတွက် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာများ တပ်ဆင်အသုံးပြုကြရန်လိုအပ်ကြောင်း၊ ဆိုလာတပ်ဆင်ခြင်းသည် ကနဦး ကုန်ကျစရိတ်များပြားသော်လည်း ရေရှည်အတွက် အဆင်ပြေမှုရှိပါကြောင်း၊ စက်ရုံမှ ထွက်ရှိသော အထည်များကို Made in Myanmar ဖြင့် Export တင်ပို့ပြီး နိုင်ငံခြားဝင်ငွေရရှိရေး အရေးကြီးသည့် အတွက် အရည်အသွေးကောင်းမွန်မှုရှိစေရေး စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန် လိုအပ် ကြောင်း ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နောက် စက်ရုံအတွင်း အထည်များ ချုပ်လုပ်နေမှုခြေအနေများ၊ ထုပ်ပိုး နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်