Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်းမြို့နယ် ကျွဲကူး-စည်ပင်လမ်းပေါ်တွင် ကွန်ကရစ်ရေကျော်တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး


02 Jul,2024

ကျောက်ပန်းတောင်း ဇူလိုင် ၁

          မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျွဲကူး-စည်ပင်လမ်းပေါ်တွင် ကွန်ကရစ်ရေကျော်တည် ဆောက်နေမှုကို ဇွန် ၃၀ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ ညောင်ဦးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအေးလွင်နှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၉၈ ဒသမ ၃ သန်းဖြင့် ကျောက်ပန်းတောင်းမြို့နယ် ကျွဲကူး-စည်ပင်လမ်းပေါ်တွင် ကွန်ကရစ်ရေကျော်တည်ဆောက်နေမှုကိုစစ်ဆေးကြပြီး ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါဖြိုးဖြိုးသိမ့်က လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းပြသရာ အင်ဂျင်နီယာချုပ်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

        ကျောက်ပန်းတောင်းမြို့နယ် ကျွဲကုန်း-စည်ပင်လမ်းပေါ်တွင် ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်းသည် အလျားပေ ၁၆၀၊ အနံ ပေ ၂၀၊ အမြင့် ကိုးလက်မရှိပြီး  ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဇွန် ၅ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၂ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျွဲကူး၊ ဥယျာဉ်၊ စည်ပင် ကျေးရွာရှိ လူဦးရေ ၂၇ဝ၄ ဦးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm