Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောင်းဆုံမြို့နယ်၌ ရတနာထွန်း(လယ်/ထွေ) သမဝါယမအသင်းလီမိတက်မှ ထောက်ပံ့ငွေပေးအပ်


01 Jul,2024

ချောင်းဆုံ  ဇူလိုင် ၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ လာမည့်ဇူလိုင်လ(၆)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ် သမဝါယမဦးစီးဌာနမှဦးဆောင်ကာ ရတနာထွန်း(လယ်/ထွေ)သမဝါယမအသင်းလီမိတက်၏ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဇွန် ၂၉ ရက်က မုဒွန်းကျေးရွာ သီဟိုဠ်ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ထွေးက အဖွင့်အမှာစကား ပြောကြားကာ ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ရတနာထွန်း (လယ်/ထွေ) သမဝါယမအသင်းလီမိတက် (ဥက္ကဋ္ဌ) ဦးထွန်းရီနှင့် တာဝန်ရှိသူများမှ တက်ရောက်လာကြသည့် အသင်းသား(၈၀)ဦးတို့အား တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းရှစ်သိန်းကျပ်ကို  အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm