Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းရှူးမြို့နယ်၌ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းပေါင်းစုံနှင့် ပညာရေး (GEC), ငွေစု၊ ငွေချေး သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ


01 Jul,2024

မိုင်းရှူး ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံနှင့် ပညာရေး (GEC)ငွေစု၊ငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇွန် ၃၀ ရက် က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်၊သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လွင်၊ပညာ‌‌ရေး(GEC) ငွေစု၊ငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးကျော်ထွန်း နှင့် ဝန်ထမ်းပေါင်းစုံ ငွေစု၊ငွေချေး သမဝါယမအသင်းဥက္ကဋ္ဌ ဒေါ်နန်းခင်ဖြူတို့က အမှာစကား အသီးသီးပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ သား၊သမီးအား တာဝန်ရှိသူများက ပညာရည်ချွန်ဆု ချီးမြှင့်ခဲ့သည်။

ထို့နောက် အသင်းမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ပြီး အသင်းသား များ၏ အတည်ပြုချက်ရယူကာ သဘာပတိဦးကျော်ထွန်းက အတည်ပြုခဲ့သည်။

အဆိုပါ အခမ်းအနားသို့တွင် တက်ရောက်လာသော အသင်းသားများကို တာဝန်ရှိသူများက စုဆောင်းငွေပေါ် အတိုးငွေများနှင့် ထောက်ပံ့ငွေတစ်ဦးလျှင် (၄၀၀၀) ကျပ်ဖြင့် စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm