Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာ- ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်


28 Jun,2024

              မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကျန်ရှိသည့် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

          မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂ဝ၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၉၉ ဒသမ ၁၉ သန်းဖြင့် ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း အရှည် သုည ဒသမ ၆ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန် ယူဆောင်ရွက်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံ ငွေကျပ် ၁၂၆ ဒသမ ၁ဝဝ သန်း ဖြင့် ကျန်ရှိသည့် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း အရှည် သုည ဒသမ ၃ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဇွန်လ ဒုတိယပတ်မှစတင်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိသည်။

            အဆိုပါ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီးပါက မြင်ကန်းကျေးရွာအုပ်စုနှင့် ကျွဲတလင်း ကျေးရွာအုပ်စုတို့ရှိ ကျေးရွာငါးရွာမှ အိမ်ထောင်စု ၆၅၆ စု၊ ဒေသခံပြည်သူ ၃၀၉၃ ဦးတို့မှာ ရာသီမရွေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

(၆ဝ၂)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm