Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ(အမရပူရ)တို့မှ လေ့လာရေးအဖွဲ့ဝင် ကျောင်းသားကျောင်းသူများအား ကြိုဆိုနှုတ်ဆက်


24 Jun,2024

နေပြည်တော် ဇွန် ၂၄

နေပြည်တော်ရှိ တန်ခိုးကြီးဘုရားများကို ဖူးမြော်ပြီး အထင်ကရနေရာများကို လေ့လာခြင်းဖြင့် ရရှိသော အတွေ့အကြုံကောင်းများကို မိမိတို့ဒေသ လူမှုစီးပွားဘဝ မြင့်မားရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်စေရန်၊ တအူထုံ့ဆင်း ညီရင်းအစ်ကို မောင်းရင်းနှမများပမာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ရင်းနှီးချစ်ကြည်မှု တို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်များ ရှင်သန်ထက်မြတ် ခိုင်မာလာစေရန်၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) အား ကြည့်ရှုလေ့လာရန် ရည်ရွယ်ချက်များဖြင့် ဖိတ်ကြားခေါ်ယူခဲ့သော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ) တို့မှ နည်းပြဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ လေ့လာရေးအဖွဲ့ဝင် အင်အား (၉၅) ဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ခေတ္တတည်းခိုနေထိုင်မည့် နေပြည်တော် အမှတ် (၃) တပ်မတော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ရောက်ရှိလာရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့သည်။

အဆိုပါ လေ့လာရေးအဖွဲ့ဝင်များသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နေ့လည်ပိုင်းတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကာ အလှူငွေများ ပေးအပ်လှူ ဒါန်းသည်။ ထို့နောက် မော်ကွန်းပြတိုက်ကို လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး စတင်တည်ထားကိုးကွယ်သည့် မှတ်တမ်းများနှင့် တည်ထားကိုးကွယ်ရခြင်း၏ သမိုင်းကြောင်းကို Projector ဖြင့် ရှင်းလင်းပြသခဲ့ပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့ဝင်များသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုကြရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး စေတီတော်ကြီး အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။ ၎င်းနောက် လေ့လာရေးအဖွဲ့ဝင်များသည် ရတနာ ဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်သို့ သွားရောက်ပြီး ရတနာဆင်ဖြူတော်လေး ရဋ္ဌနန္ဒကနှင့် ရတနာ ဆင်ဖြူတော်များဖြစ်ကြသည့် ငွေဆဒ္ဒန်၊ ဟေမဝတီ၊ သီရိမာလာ၊ ဘဒ္ဒဝတီ၊ ဇာတကလျာနှင့် နန္ဒဝတီတို့ကို ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြသပြီး လေ့လာရေး အဖွဲ့ဝင်ကျောင်းသားကျောင်းသူများက ရတနာဆင်ဖြူတော်များအား အာဟာရဒါန ကျွေးမွေးပြုစု ခဲ့ကြသည်။

အဆိုပါလေ့လာရေးအဖွဲ့ဝင်များအား ယနေ့ညဦးပိုင်းတွင် နေပြည်တော် ရေပန်းဥယျာဉ်သို့ ပို့ဆောင်ပေးပြီး အပန်းဖြေနားနေ လေ့လာကြည့်ရှုစေမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm