Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ(အမရပူရ)တို့မှ ကျောင်းသားကျောင်းသူများ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄)သို့ သွားရောက်လေ့လာ


26 Jun,2024

နေပြည်တော် ဇွန် ၂၆

နေပြည်တော်ရှိ တန်ခိုးကြီးဘုရားများကို ဖူးမြော်ပြီး အထင်ကရနေရာများကို လေ့လာခြင်းဖြင့် ရရှိသော အတွေ့အကြုံကောင်းများကို မိမိတို့ဒေသ လူမှုစီးပွားဘဝ မြင့်မားရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်စေရန်၊ တအူထုံ့ဆင်း ညီရင်းအစ်ကို မောင်းရင်းနှမများပမာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ရင်းနှီးချစ်ကြည်မှု တို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက် ခိုင်မာလာစေရန်၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) အား ကြည့်ရှုလေ့လာရန် စသည့်ရည်ရွယ်ချက်များဖြင့် နေပြည်တော်တွင် ရောက်ရှိလေ့လာ နေကြသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ (အမရပူရ) တို့မှ နည်းပြဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ရွာတော်တည်းခိုရေးစခန်းသို့ သွားရောက်တွေ့ဆုံနှုတ်ဆက် အမှာစကားပြောကြား ပြီး လေ့လာရေးခရီးစဉ် မှတ်တမ်းဓာတ်ပုံများအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က ကျောင်းသားကျောင်းသူအချင်းချင်း အပြန်အလှန်ရင်းနှီးချစ်ကြည်စွာ ဆက်သွယ်နိုင်ရေး အတွက် Address Book များကိုလည်းကောင်း ပေးအပ်ခဲ့ရာ ယွန်းပညာကောလိပ်(ပုဂံ)နှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့မှ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် လေ့လာရေးအဖွဲ့ဝင်များသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန MICC-2 တွင် ကျင်းပပြုလုပ်လျက်ရှိသော မြန်မာ နိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) သို့ သွားရောက်ပြီး ဝန်ကြီးဌာနအလိုက် ခင်းကျင်း ပြသထားသော ပြခန်းများအားလည်းကောင်း၊ Section-3 တွင်ပြုလုပ်သော သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ပါမောက္ခဒေါက်တာချောအိအိထွန်းတို့၏ တီထွင်ဆန်းသစ်မှုသို့ ဦးတည်သော သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲအားလည်းကောင်း၊ Section-5 တွင်ပြုလုပ်သော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) မှ ပါမောက္ခ ဒေါက်တာသိင်္ဂီညို၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရည်အသွေးအာမခံမှုရှိသော ပညာရေးစနစ် ဖြစ်ထွန်းလာရေး ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲအားလည်းကောင်း ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါလေ့လာရေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လေ့လာရေးခရီးစဉ်ပြီးဆုံးပြီဖြစ်၍ မိမိတို့၏ ကောလိပ်နှင့် သိပ္ပံများသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm