Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လားရှိုးမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အသင်းသားများအား စုဆောင်းငွေအတိုးများ ထုတ်ပေး


26 Jun,2024

လားရှိုး ဇွန် ၂၆

လားရှိုးမြို့နယ်၊ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အသင်းသားများ၏ စုဆောင်းငွေအတိုးများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် အတွက်  အသင်းသား (၃၃၇၈) ဦး၏ စုဆောင်းငွေများအပေါ် အတိုးငွေ(၃၀၀၀.၇၆)သိန်းကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဦးဆမ်မန်းနှင့် အမှုဆောင် ဒါရိုက်တာအဖွဲ့များမှ ကြီးကြပ်၍ ဌာနဆိုင်ရာအသင်းသားကိုယ်စားလှယ်များထံ အသင်းရုံးခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm