Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


27 Jun,2024

တောင်ကြီး ဇွန် ၂၇

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို  ပြည်နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းဥက္ကဋ္ဌနှင့် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းသားစာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်အစီရင် ခံစာများဖတ်ကြားခြင်း​၊ လုပ်ငန်းစဉ်များချမှတ်ခြင်းနှင့်အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်တာဝန်ရှိသူများ အသင်းသားဌာနဆိုင်ရာကိုယ်စားလှယ် ၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm