Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် ဗျက္ခ(အလယ်)ကျေးရွာ၌ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


26 Jun,2024

ဘားအံမြို့နယ် ဗျက္ခ(အလယ်)ကျေးရွာ၌ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး

****************************************************************************

ဘားအံ     ဇွန်    ၂၆

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဗျက္ခကျေးရွာအုပ်စု၊ ဗျက္ခ(အလယ်) ကျေးရွာ၌ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဇွန် ၂၅ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်စုမြတ်စန္ဒီ၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အင်ဂျင်နီယာတာဝန်ခံ ဒေါ်ခိုင်သဇင်ညိုနှင့်ဝန်ထမ်းများက ကျေးရွာရေရရှိရေး ကော်မတီ ဝင်များနှင့်အတူ ဗျက္ခ(အလယ်)ကျေးရွာ၌ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်စုမြတ်စန္ဒီက သတ်မှတ် ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်  မှာကြားသည်။

ဗျက္ခ(အလယ်)ကျေးရွာ၌  ရေရရှိရေးအတွက် အရှည် ၅၂၈၀ပေ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၉ ဒသမ ၆၅သန်းဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက ယခုနှစ် မေလ ၂ရက်က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ၊ အဆိုပါလုပ်ငန်း ရာနှုန်း ပြည့်ပြီးစီးပါက ဗျက္ခ(အလယ်)ကျေးရွာရှိ အိမ်ခြေ ၂၅၄အိမ်၊ လူ ၁၅၁၈ဦးတို့အတွက် ရာသီမရွေး သောက်သုံးရေဖူလုံစွာ ရရှိတော့မည်ဖြစ်ကြောင်း ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်စုမြတ်စန္ဒီက ပြောပြ၍ သိရသည်။

ဆက်လူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm