Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)စီမံချက်ရေးဆွဲနည်းသင်တန်းနှင့် AVIP သင်တန်းပို့ချ


26 Jun,2024

သရက်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)စီမံချက်ရေးဆွဲနည်းသင်တန်းနှင့် AVIP သင်တန်းပို့ချ

**************************************************************************

သရက်    ဇွန်    ၂၆

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၀)ရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)  စီမံချက်ရေးဆွဲနည်းသင်တန်းနှင့် AVIP သင်တန်းပို့ချခြင်းအခမ်းအနားကို ဇွန် ၂၅ရက် နံနက်ပိုင်းက သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ  သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးလွင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်းသင်တန်းနှင့် AVIP သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒေါ်လဲ့လဲ့ကျော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်းများ၊ ကျေးရွာ သယံဇာတနှင့် ရာသီခွင်ပြမြေပုံရေးဆွဲနည်းများ၊ ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)ဆိုင်ရာ ငွေစာရင်းဇယားပုံစံဖြည့်သွင်းနည်းများကို လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်မည့် ကျောက်အိုး၊ ထုံးတောင်၊ ပိဿလိမ်း(ကုန်း)၊ ပျဉ်ထောင်၊ ရွာသစ်၊ မြွေပွေး၊ မုဆိုးရင်၊ မုံဥ္ဇလီ၊ အလတ် လည်နှင့် စမ်းလည်ကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်(၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm