Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ် ဇလုပ်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး


21 Jun,2024

ပုဗ္ဗသီရိမြို့နယ် ဇလုပ်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

************************************************************************
နေပြည်တော် ဇွန် ၂၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လယ်သာကျေးရွာအုပ်စု၊ ဇလုပ်ကြီးကျေးရွာ၌ဆဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ဇွန် ၂၀ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်နီလာဝင်းက ဇလုပ်ကြီးကျေးရွာရှိ ရပ်မိရပ်ဖများ၊ အသင်းသား၊အသင်းသူများနှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ရည်ရွယ်ချက်၊ အကျိုး ကျေးဇူးများ၊ ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်း ပြောကြားသည်၊၊ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းအကြောင်းအရာများ၊အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် များထံ ရန်ပုံငွေကျပ် ၄၄ ဒသမ ၁၅သန်း လွှဲပြောင်းးအပ်သည်၊၊ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဇလုပ်ကြီးကျေးရွာရှိစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၉ဦးကို ငွေကျပ် ၂၅ ဒသမ ၇၅သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၃ဦးကို ငွေကျပ် ၁၅ ဒသမ ၂၅သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူကိုးဦးကို ငွေကျပ် ၃ ဒသမ ၁၅သန်း၊ စုစုပေါင်းသင်းသား၊ အသင်းသူ ၁၄၁ဦးကိုမြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၄ ဒသမ ၁၅သန်းထုတ်ချေးပေးခဲ့ကြောင်း သိရ သည်၊၊

နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm