Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် လက်ပံရွာသစ်ကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း


19 Jun,2024

မကွေးမြို့နယ် လက်ပံရွာသစ်ကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း
*******************************
မကွေး       ဇွန်         ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာ‌ရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် လက်ပံရွာသစ်ကျေးရွာ၌ (VDP)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်အိသဉ္ဇာဖူးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဥ်များ၊ စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရန်အချက်များ၊ ကော်မတီဝင်များ၏ တာဝန်များ၊ အကျုံးဝင်သောစီမံကိန်းလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသောကျေးရွာသူ/ကျေးရွာသားများက ဦးစားပေးဆောင်ရွက်လိုသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ ဦးစီးအရာရှိ(နည်းပညာ)က ပြန်လည်ရှင်းလင်းပြောကြားပြီး ကျေးရွာသူ/ကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဝင် ၇ ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။

မကွေးမြို့နယ် လက်ပံရွာသစ်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အိပိုးပိုး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm