Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)မှ တာဝန်ရှိသူများက သင်တန်းသားများ သင်တန်းတက်ရောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်


17 Jun,2024

အိမ်မဲ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက အိမ်မဲမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ဇွန် ၁၃ ရက်က စာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကို မြို့နယ်အတွင်းရှိ သမဝါယမ အခြေခံအသင်းသားများနှင့် Grade- 9 အောင်မြင်ပြီးသူ ကျောင်းသား/သူများ တက်ရောက်နိုင်ရေး အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်သက်သက်အောင်က သင်တန်း၏ရည်ရွယ်ချက်၊ ဝင်ခွင့်အရည်အချင်း၊ သင်ကြားမည့်ဘာသာရပ်၊ သင်တန်းကာလနှင့်သင်တန်းသားဦးရေ၊ သင်တန်းမှရရှိမည့်အကျိုး ကျေးဇူး၊ သင်တန်းအောင်လက်မှတ်စသည့်အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသော သမဝါယမအခြေခံအသင်းသား များက သင်တန်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာကျောင်းအုပ်ကြီးက ပြန်လည် ဖြေကြားပေးခဲ့သည်။

သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၏ စည်းမျဉ်းစည်းကမ်း များမှာ အ​ခြေခံပညာစနစ်သစ်တွင် Grade-9 အောင်မြင်ပြီး ကျန်းမာရေးကောင်းမွန်ကာ လူပျို၊ အပျိုဖြစ်ရပါမယ်။ သင်တန်းကာလကတော့ (၃)နှစ်ဖြစ်ပြီး တစ်ကြိမ်လျှင် ကျောင်းသား/သူ (၆၀)ဦးထိ လက်ခံသွားမှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက သတ်မှတ်အရည်အချင်းပြည့်မီ သူများကို သမဝါယမကောလိပ်များနဲ့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များကို ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်မှာဖြစ်ကြောင်း သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းမှကျောင်းအုပ်ကြီး ဒေါ်သက်သက်အောင် ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm