Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြိတ်မြို့တွင် မိုးစပါးစိုက်ဧက(၁၅၃၈)အတွက် မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ တောင်သူများအား ကျပ်(၃၀၇.၆)သန်းနှင့် ညီမျှသော သွင်းအားစု/မျိုးစပါးများ မတည်ပံ့ပိုးပေး


17 Jun,2024

မြိတ် ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းမြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမ အသင်းသားတောင်သူများအား မိုးစပါးစိုက်ဧက(၁၅၃၈)ဧကအတွက် မြို့နယ်သမဝါယမဦးစီး ဌာနမှ တစ်ဧကအထွက်နှုန်းတိုးတက်စေရန် ငွေကျပ် (၃၀၇.၆)သန်းနှင့်ညီမျှသော သွင်းအားစုများ နှင့် မျိုးစပါးများကို ဇွန်လ ၁၃ရက်က  မြို့နယ်သမဝါယမအသင်းစုရုံးတွင် မတည်ပံ့ပိုးငွေများ ပေးအပ်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေအစီအစဉ်မှ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းမြစိမ်းရောင်(သမဝါယမကဏ္ဍ)အနေဖြင့် ကျပ်သန်း(၃ဝ၇.၆)နှင့်ညီမျှသော မျိုးစပါးတင်း(၄၆၀)၊ ကွန်ပေါင်းဓါတ်မြေဩဇာ (၁၁၇၀)အိတ်၊ သဘာဝမြေဩဇာ(၁၂၀၃)အိတ်နှင့် ပုလဲဓါတ်မြေဩဇာ(၇၇၃)အိတ်တို့ကို မြိတ်မြို့နယ်အတွင်းရှိ လယ်ဧက(၁၅၃၈)အတွက် အသင်းသားတောင်သူ စုစုပေါင်း (၂၃၆)ဦးအား တစ်ဧကအထွက်နှုန်း တိုးတက်စေရန် လယ်တစ်ဧက(၂)သိန်းကျပ်နှုန်းတန်ဖိုးရှိ သွင်းအားစုများနှင့် မျိုးစပါးများကို မတည်ပံ့ပိုးပေးခြင်းဖြစ်သည်။

သွင်းအားများ မတည်ပံ့ပိုးပေးအပ်ရာ၌ မြို့နယ်မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးအာကာအောင် က  အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးက အသင်းသားတောင်သူများအား သွင်းအားစုများနှင့် မျိုးစပါးများ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလှကြည်က အသင်းသားများ စပါးအထွက်နှုန်းတိုးတက်စေရန် မတည်ပံ့ပိုးပေးခြင်းဖြစ်သည့် အတွက် စနစ်တကျဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ထောက်ပံ့မှု ရရှိသော မြို့နယ်အတွင်းရှိ သမဝါယမအသင်း(၈)သင်းမှ အသင်းသားတောင်သူ(၂၃၆)ဦး၏ စိုက်ဧက (၁၅၃၈)အတွက်  မိုးစပါး စိုက်ပျိုးရေး စီမံကိန်းမြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ ကျပ် (၃၀၇.၆)သန်းနှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုများကို မြို့နယ်မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြရာ အသင်းသား တောင်သူများကိုယ်စားတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)

တနင်္သာရီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm