Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ်၌ ရွှေအထွေထွေစီးပွားရေးလုပ်ငန်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်


17 Jun,2024

ပေါင်   ဇွန်  ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရွှေအထွေထွေစီးပွားရေးလုပ်ငန်းပေါင်းစုံသမဝါယမအသင်းလီမိ တက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲကို ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီက မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးရှိုန်းမောင်မောင်က အသင်းသားများသို့ ချေးငွေလုပ်ငန်းအပြင် အရစ်ကျကုန်ကြွေးစနစ်ဖြင့် ရောင်းချပေးသည့်လုပ်ငန်းကိုပါ ဆောင်ရွက်ခဲ့ သဖြင့် အသင်းမှာအောင်မြင်မှုထိုက်သင့်သလောက်ရရှိခဲ့သည်။ အသင်းသားများကလည်း သစ္စာရှိရှိ လက်တွဲလုပ်ကိုင်ပေးသည့်အတွက် အသင်းအောင်မြင်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်း မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းယုက ယခုရွေးချယ် ထားသည့် အမှုဆောင်အသစ်တွေက ယခင်အမှုဆောင်အဖွဲ့တွေလိုပဲ လုပ်ငန်းတာဝန်တွေကို ပိုမိုအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်းပြောကြားခဲ့ပြီး အသင်းအမြတ် ငွေ (၁၇၇၃၀၀၇ိ/-)ကျပ်အား အသင်းသားတစ်ဦးလျှင် (၃၅၀ဝိ/-)ကျပ် နှုန်းဖြင့် အသင်းသား (၅၀၅) ဦး အားထုတ်ပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm