Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် စမ်းမကြီးကျေးရွာ၌ ကျေးရွာအဆင့် လုပ်ငန်းချပြရှင်းလင်းပွဲဆောင်ရွက်


13 Jun,2024

မကွေးမြို့နယ် စမ်းမကြီးကျေးရွာ၌ ကျေးရွာအဆင့် လုပ်ငန်းချပြရှင်းလင်းပွဲဆောင်ရွက်
*************************************
မကွေး          ဇွန်            ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် စမ်းမကြီးကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် ကျေးရွာအဆင့် လုပ်ငန်းချပြရှင်းလင်းပွဲအခမ်းအနားကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က လုပ်ငန်းချပြရှင်းလင်းပွဲ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါလုပ်ငန်းအား တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီတာဝန်ခံက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများက သိရှိလိုသည်များမေးမြန်းရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

မကွေးမြို့နယ်၊ စမ်းမကြီးကျေးရွာတွင်းလမ်းအရှည် ၃၃၅၀ ပေ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် ၆ လက်မ ကွနကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၁၁ ဒသမ ၈၅၉ သန်းဖြင့် Victory Smile Family ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm