Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"မတ္တရာမြို့နယ် ဝက်ခဲကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်း"


17 Jun,2024

"မတ္တရာမြို့နယ် ဝက်ခဲကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်း"

မတ္တရာ၊ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ မတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း( VDP )ပံ့ပိုးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို ဇွန်လ ၁၆ ရက်နံနက်ပိုင်းက အောင်ချမ်းသာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိူးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်အေးအေးနွယ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသည် ကျေးရွာလိုအပ်ချက်ကို ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင်ရွေးချယ်ခြင်း၊ ဆုံးဖြတ်ခြင်း၊ အကောင်အထည်ဖော်ခြင်း
နှင့်  ထိန်းသိမ်းစောင့်ရှောက်ခြင်းစနစ်ဖြင့် ဆောင်ရွက်ရသောစီမံကိန်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  VDP စီမံကိန်းတာဝန်ခံ ဦးကျော်သက်ထွေးနှင့်ဝန်ထမ်းများက ကျေးရွာကော်မတီဝင်ရွေးချယ်မှုသက်မှတ်ချက်များ စီမံကိန်းရွေးချယ်ရာတွင် ထည့်သွင်းစဥ်းစားရမည့်အချက်များအကြောင်းရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်နှင့် တာဝန်ရှိသူများ ကျေးရွာသူကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းခွဲကို ကျေးရွာလူထုက ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မတ္တရာမြို့နယ် ဝက်ခဲကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ပြည်သူလူထုပူးပေါင်းပါဝင်မှုတို့ဖြင့် ကျေးရွာနေပြည်သူကိုယ်တိုင် ကျေးရွာ၏အဓိကလိုအပ်ချက်ပါဝင်သော ကျေးရွာဖွံ့ ဖြိုးရေးစီမံချက်များရေးဆွဲပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးကာ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိူးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်အေးအေးနွယ်ထံက သိရသည်။
                                                          နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm