Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"တောင်တွင်းကြီးမြို့နယ် ကျေးရွာသုံးရွာ၌ VDPစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်"


16 Jun,2024

"တောင်တွင်းကြီးမြို့နယ် ကျေးရွာသုံးရွာ၌ VDPစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်"

တောင်တွင်းကြီး၊ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေဖြင့် ငမင်ကျေးရွာ၊ချိုင်းကျေးရွာနှင့် ကုက္ကိုလှကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ဇွန်လ ၁၅ရက် နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အကျုံး ဝင်သော လုပ်ငန်းခွဲများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင်ပါရှိသော ကျေးရွာသူ/သားများလိုက်နာရမည့် တာဝန်နှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ VDP စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက စီမံကိန်းလက်စွဲစာစောင်ပါ ကျေးရွာကော်မတီရွေးချယ်မှုသတ်မှတ်ချက်များ၊ စီမံကိန်းကော်မတီဝင်များ၏ တာဝန်ဝတ္တရားများအကြောင်း ရှင်းလင်းပြောကြားကာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်(၇)ဦးစီအား ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ ဆန္ဒမဲပေး၍ ရွေးချယ်ဖွဲ့စည်းခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းခွဲအား ကျေးရွာလူထုမှ ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ငမင်ကျေးရွာ၊ချိုင်း​ကျေးရွာနှင့် ကုက္ကိုလှကျေးရွာတို့တွင် ၂၀၂၄ - ၂၀၂၅ ခုဘဏ္ဍာ ရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေကျပ်သိန်း (၁၅၀)၊ ကျေးရွာလူထုထည့်ဝင်ငွေတို့နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ပြောပြ၍သိရသည်။
                                                          နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm