Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှည်းကူးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုများဖြန့်ဝေ


12 Jun,2024

 လှည်းကူး ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့်သမဝါယမအသင်းသား တောင်သူများအား  သွင်းအားစုများ ဖြန့်ဝေပေးခြင်းကို ဇွန် ၁၀ ရက်က သနပ်ပြင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဖြန့်ဝေရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သော နိုင်ငံစီးပွား ရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုသည့် မူဝါဒနှင့်အညီ တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးတက် စေရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်၍ လယ်ယာစိုက်ပျိုးသည့် တောင်သူများ  အထွက်နှုန်းတိုးစေရေး၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက တောင်သူများအား အသိပညာပေးပြောကြားသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေနှင့် ဝန်ထမ်းများက သနပ်ပြင်ကျေးရွာရှိ မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား သြဘာ (စင်္ကြာ) ယူရီးယားဓာတ်မြေသြဇာသွင်းအားစုများကို တောင်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန် / ဆက်)

ရန်ကုန်တိုင်းဒေသကြီး

 
 
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm