Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုလောမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍ တောင်သူများအား သွင်းအားစုဖိုးမတည်ပံ့ပိုးငွေ သိန်း (၄၁၀) ထုတ်ပေး


06 Jun,2024

ပုလော ဇွန်  ၆                                               

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး စိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍ တောင်သူများအား သွင်းအားစုဖိုးပံ့ပိုးမတည် ငွေကျပ်သိန်း(၄၁၀)ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၅)ရက်နေ့က ပုလောမြို့နယ်သမဝါယမဦးစီး ဌာနရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်မတည်ပံ့ပိုးငွေများကို အကျိုးရှိစွာအသုံးချရန် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ပုလောမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက ပုလော မြို့နယ်အတွင်းရှိ အသင်းသားတောင်သူများနှင့် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် တစ်ဧကအထွက်နှုန်းတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးစရိတ်ဖြစ်သည့် ထွန်ယက်ခ၊ မျိုးစပါးနှင့် သွင်းအားစုများဝယ်ယူရန် ထုတ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းဝင် အသင်းသားတောင်သူ (၃၂)ဦးကို လယ်ဧက(၁)ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် လယ်ဧက ၂၀၅ ဧကအတွက် မတည်ပံ့ပိုး ငွေကျပ်သိန်း (၄၁၀) ကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)

တနင်္သာရီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm