Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဖွင့်ပွဲကျင်းပ


06 Jun,2024

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဖွင့်ပွဲကျင်းပ

မန္တလေး ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန်ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းက အဆိုပါကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမရပူရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က အဖွင့်အမှာ စကားပြောကြားပါသည်။

ဆက်လက်၍ အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ‌ဒေါ်ခင်စန်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပါသည်။

အဆိုပါ သင်တန်းကို အမရပူရမြို့နယ်အတွင်းရှိ သာလှအေးကျေးရွာ၊ ဂျိုရွာကျေးရွာ၊ ရွှေပေါက်ပင်ကျေးရွာနှင့် ဆင်ရွာကျေးရွာတို့မှ သင်တန်းသား(၁၀)ဦးကို ကျွမ်းကျင်နည်းပြနှစ်ဦးက  သံဟေဆက်နည်း ပညာရပ်များကို ယနေ့မှစ၍  ၁၀ ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း အမရပူရ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးထံမှ သိရသည်။

သူသူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm