Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံဖြူဇရပ်မြို့နယ်တွင်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ပံ့ပိုးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ


05 Jun,2024

သံဖြူဇရပ်၊ ဇွန် ၅

                    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွား မြှင့်တင်ရေး မတည်ပံ့ပိုးရန်ပုံငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနား တွင် ရှေးဦးစွာ ‌မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကျေးရွာစီမံကိန်းကြီးကြပ်ရေးကော်မတီသို့ နိုင်ငံ့စီးပွား မြှင့်တင်ရေးမတည် ပံ့ပိုးငွေများပေးအပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် သံဖြူဇရပ်မြို့နယ် အတွင်းရှိ အခြေခံသမဝါယမအသင်း (၅)သင်း ကျေးရွာ (၇) ရွာအား သမဝါယမဦးစီးဌာနမှ စိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်ငန်းအတွက် ငွေကျပ်(၄၁၂၉ ဒသမ ၃၂) သိန်း၊ မြို့နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ကျေးရွာ (၁)ရွာ မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ် (၄၁၀)သိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာ (၃)ရွာ စိုက်ပျိုးရေးလုပ်ငန်းအတွက် ငွေကျပ်(၂၃၀)သိန်း တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်သတင်းဌာနခွဲ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm