Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးကောင်းမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မှပေးအပ်သည့် GW-11 မျိုးစပါးများအား သမဝါယမအသင်းသားတောင်သူများထံပေးအပ်


30 May,2024

မိုးကောင်း မေ ၃၀

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သည့် GW-11 မျိုးစပါးများအား ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် သမဝါယမအသင်းသားတောင်သူများထံ ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပသည်။ ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းက GW-11 မျိုးစပါးထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးထွေးလှိုင်က GW-11 မျိုးစပါးစိုက်ပျိုးပုံ နည်းစနစ်များကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများက ထိုပူး၊ ရွှေအင်း၊ အောင်သာ၊ ပင့်သာကျေးရွာ တောင်သူများထံသို့ GW-11 မျိုးစပါးအိတ်(၅၀)စီနှင့် အင်းပေါင်းကျေးရွာ တောင်သူ များထံသို့ မျိုးစပါးအိတ် (၁၄၀)၊ ကုန်းတန်းကြီး (အသင်းပိုင်လယ်) ထံသို့ မျိုးစပါး (၁၀) အိတ် GW-11 မျိုးစပါးအိတ်စုစုပေါင်း (၃၅၀) ကို တောင်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)

ကချင်ပြည်နယ်

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm