Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးစပါးစိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းအတွက် လိုအပ်သောမျိုးနှင့်သွင်းအားစုများ ပံ့ပိုး


29 May,2024

နေပြည်တော် မေ ၂၉

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥတ္တရသီရိမြို့နယ်၊ တက်ရှိန်း ကျေးရွာရှိ စိန်စွမ်းအားစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်း၊ ရွာသာစိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်း၊ သရက်တောကျေးရွာရှိ မိုးမခစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်း၊ လပြည့်ဝန်းလယ်ယာနှင့်အထွေထွေသမဝါယမအသင်း၊ မသိမ်ကျေးရွာရှိ ပန်းသဇင်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း၊ ပိုးဇာတောကျေးရွာရှိ ဇောတိကလယ်ယာနှင့်အထွေထွေသမဝါယမ အသင်းတို့ရှိ အသင်းသား/တောင်သူများသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် ဆောင်ရွက်မည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းအတွက် သမဝါယမအသင်းသား/တောင်သူ များမှ လိုအပ်သော မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းနှင့်  သွင်းအားစု ပံ့ပိုးပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းတို့မှ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များနှင့် ပံ့ပိုးပေးမည့်သွင်းအားစုများနှင့်ညီမျှသည့် တန်ဖိုးအား စပါးပေါ်ချိန်တွင် နိုင်ငံတော်သို့ အချိန်မီပေးဆပ်နိုင်ရေး၊ ပံ့ပိုးပေးသည့် သွင်းအားစုများအား အမှန်တကယ် လုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဥတ္တရသီရိမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိမှ ရယူမည့်သွင်းအားစုလိုအပ်ချက်စာရင်းအပေါ် ပံ့ပိုးကူညီဆောင်ရွက် ပေးမည့်အစီအစဉ်များနှင့် သမဝါယမကဏ္ဍမှ ပေါင်းစပ်ဆောင်ရွက်မည့်ကုမ္ပဏီမှ သွင်းအားစုအမျိုး အစားအလိုက် အသုံးပြုပုံနည်းစနစ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 ထို့နောက် နေပြည်တော်သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့် သမဝါယမအသင်းသား/တောင်သူ(၁၂၄)ဦးတို့မှ အဆိုပြုတင်ပြထားသည့် လိုအပ်သော ပုလဲ(၂၇၇)အိတ်၊ ကွန်ပေါင်း(၂၆)အိတ်၊ သဘာဝမြေဩဇာ(၁၀၆)အိတ်၊ မျိုး(၁၂၀)အိတ်တို့ကို တောင်သူများလက်ဝယ်အရောက် ပံ့ပိုးပေးခဲ့သည်။

အဆိုပါသွင်းအားစုပံ့ပိုးပေးအပ်ခြင်းအခမ်းအနားသို့ နေပြည်တော်သမဝါယမဦးစီးဌာနမှ တာဝန် ရှိသူများနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အသင်း အမှုဆောင်များ၊ သွင်းအားစုဖြန့်ဖြူးပေးမည့်ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သမဝါယမအသင်းသား/ တောင်သူ (၁၂၄)ဦး တက်ရောက်ခဲ့ကြသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm