Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ် အင်းကံကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး


29 May,2024

မိတ္ထီလာ မေ ၂၉
 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ရွှေပန်းတိုင်ကျေးရွာအုပ်စု၊ အင်းကံကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို မေ ၂၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာသည်  ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ အင်းကံကျေးရွာ၌ အကျယ် ၄.၅လက်မ PVC အနက်ပေ ၃၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း  သိရှိရသည်။
 
အင်းကံကျေးရွာ သောက်သုံးရေရရှိရေး အကျယ် လေးလက်မ အနက်ပေ ၃၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ လျှပ်စစ်မီးလိုင်း  ၁၃၅၀ ပေသွယ်တန်းခြင်း၊ အိမ်သုံးမီတာတပ်ဆင်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ခု ဘဏ္ဌာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၃ ဒသမ ၄၈ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာစုဖွဲ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပါက အိမ်ခြေ ၅၅ အိမ်၊ လူ ၂၅၀ ဦးအတွက် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm