Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတနော်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


27 May,2024

ပန်းတနော် မေ ၂၄

          ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး/ ပြည်ထောင်စု (ငွေလုံးငွေရင်း/ ဖြည့်စွက်) ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်သော ပိန်းချောင်း-ဇရပ်လှကြီး-စံကျ-အစုကြီးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပဆငလမ်းမှ ဆုတောင်းပြည့်-အိမ်မဲကားလမ်းသို့ ဆက်သည့်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် အိုးဘို-ချောင်းကလေး လမ်းပေါ်ရှိ ကျုံပတောချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်း (ပထမပိုင်း) တို့ကို မေ ၂၂ ရက် နံနက်ပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က ကွင်းဆင်းစစ်ဆေးသည်။

          ယင်းသို့စစ်ဆေးရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 ပြည့်ဖြိုးကျော်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm