Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်


27 May,2024

မှော်ဘီ၊ မေ ၂၇

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ဒေသတွင်းတစ်ပိုင်တစ်နိုင်လုပ်ကိုင်သော အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာ စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာကာတိုသင်တန်းဖြစ်သည့် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်ရှိ ပတ္တမြား လူငယ်ဘက်စုံဖွံ့ဖြိုးရေးအသင်းရုံး၌ ကျင်းပပြုလုပ်ရာ မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပတ္တမြားလူငယ်ဘက်စုံဖွံ့ဖြိုးရေး အသင်းမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား များတက်ရောက်ကြပါသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲ၌ မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား (၂၈)ဦးအား ကိတ်မုန့်အမျိုးမျိုး၊ ပေါင်မုန့် အမျိုးမျိုး၊ ကွက်ကီးအမျိုးမျိုး၊ Donut နှင့် နံကထိုင် ပြုလုပ်နည်းများကို မေလ ၂၇ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ (၇)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး  တာရှည်ခံဓာတုပစ္စည်း များအကြောင်း၊ Packaging နှင့်ပတ်သက်သည့်သိကောင်းစရာများ၊ Food Safety ဆိုင်ရာဗဟုသုတများ GMP၊ GHPအကြောင်းအရာများ၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ အသေး စားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်အမှတ်တံဆိပ်တွင်ဖော်ပြရမည့် အချက်အလက်များအကြောင်း စသည့်ဘာသာရပ်များကိုလည်း ထည့်သွင်း ရှင်းလင်းဆွေးနွေး ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm