Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်


23 May,2024

ကော့ကရိတ်၊ မေ ၂၃

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ပြီး မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ ယာယီတိုက်ပွဲရှောင် ပြည်သူများအတွက် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်၊ သာမညလေး ကျေးရွာ၌ ဖွင့်လှစ်သည်။

          အခမ်းအနားသို့ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ယာယီတိုင်ပွဲရှောင် တာဝန်ခံ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြရာ ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား (၂၀)ဦးအား တာရှည်ခံ ဓာတုဆေးဝါးများ အကြောင်း၊ သစ်သီးဖျော်ရည် အမျိုးမျိုးပြုလုပ်နည်းများနှင့် သစ်သီး ဂျယ်လီပြုလုပ်နည်းများကို မေလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၇)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm