Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟင်္သာတမြို့မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲကျင်းပ


27 May,2024

ဟင်္သာတ မေ ၂၇

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ ဝင်ငွေတိုး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်စေရန် နှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ကိုယ်ပိုင်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ  အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာန နှင့် ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့  နံနက်ပိုင်း က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်သည်။

           ရှေ့ဦးစွာ ဟင်္သာတမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်  ဦးမြင့်သိန်း က အဖွင့်အမှာ စကား ပြောကြားပြီး ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်‌ ဆွေဆွေဝင်း  က သင်တန်းသားများအနေဖြင့် သင်တန်းမှ ရရှိသော အတက်ပညာများကို ပြန်လည်အသုံးချစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေးအခက်အခဲရှိပါက မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေ ပံ့ပိုးမှု အကူအညီ ရယူနိုင်ကြောင်း၊ မိမိတို့ တက်မြောက်ထားသော ပညာရပ်များဖြင့် လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချစေလိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာ၌ နားမလည်မှုများရှိခဲ့လျှင် သင်တန်းနည်းပြ ဆရာများကို ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ အကူအညီတောင်းခံနိုင်ကြောင်း ပြောကြားသည်။

          ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်  ဦးမြင့်သိန်း  နှင့် တာဝန်ရှိသူများက ထူးချွန်သင်တန်းသားများအား ဆုချီးမြှင့်ပြီး ၊သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ အား သင်တန်းသားများ ထံသို့ ပေးအပ်သည်။

          အဆိုပါသင်တန်းသို့ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၁၃.၅.၂၀၂၄ ရက်နေ့မှ  ၂၇.၅.၂၀၂၄ ရက်နေ့အထိ  ၁၅ ရက်ကြာ စာတွေ့၊လက်တွေ့ဖြင့် သင်ကြားပို့ချခဲ့ကြောင်း ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်‌ ဆွေဆွေဝင်း ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm