Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွာငံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


27 May,2024

ရွာငံ  မေလ ၂၇ရက်

 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ၊ ရွာငံ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောက်မြောင်း ကျေးရွာအုပ်စု၊ ကပြင် ကျေးရွာ၌  ‌မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက အဆိုပါကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။
 
ထိုသို့စစ်ဆေးရာတွင် ‌ရွာငံမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်၊ စီမံကိန်းတာဝန်ခံ နှင့် ဝန်ထမ်းများသည် ကပြင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပတ်ရန်ပုံငွေ များဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊
မွေးမြူရေးလုပ်ငန်း နှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး  မြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများက  မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ နှင့် တွေ့ဆုံကာ  လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများပြည့်စုံ မှန်ကန်မှုရှိ/မရှိစစ်ဆေးပြီး လိုအပ်သည်များကို    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
 
အဆိုပါကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း 
၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး  ယခုအခါ နဝမအကြိမ်မြောက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျ(၅၈၄)သိန်းအား အသင်းသူ/သား(၉၉)ဦးကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေး‌ထားပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရွာငံမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက် ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm