Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ်၌ ဝါစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုပေးအပ်ပွဲ ကျင်းပ


24 May,2024

မလှိုင် မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ရုံးပင်ဇောက်ကျေးရွာအုပ်စု၊ ဝါးကျွန်းကံကျေးရွာ တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဝါစိုက်ပျိုးသည့်အသင်းသားတောင်သူများအား မြို့နယ် သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် သွင်းအားစုများပေးအပ်ပွဲကို မေ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မိမိတို့မြို့နယ်သည် ရာသီသဘာဝကို မှီခို၍ သီနှံများကို အဓိကထားစိုက်ပျိုး ရပါကြောင်း၊ ဝါသီးနှံကို မြို့နယ်သမဝါယမဦးစီးဌာနကြီးကြပ်မှု၊  မြို့နယ်သမဝါယမအသင်းစု ပံ့ပိုးငွေဖြင့်  တောင်သူများ စိုက်ပျိုးနိုင်ရန် ပံ့ပိုးဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ် အနေဖြင့်(၁)ဧကလျှင်ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသောသွင်းအားစုများကို တောင်သူများ ကိုယ်တိုင်သုံးစွဲနိုင်ရန် ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဝါသီးနှံ စိုက်ပျိုးနည်းစနစ်များကိုရယူ၍ အထွက်နှုန်းကောင်းအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုး ရေးဦးစီးဌာနအနေဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေး စိုက်နည်းစနစ်မှန်ကန်စေရေး တောင်သူများ လိုအပ်ချက်ကို အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးရန် မှာကြားလိုကြောင်း၊ တောင်သူများအနေ ဖြင့်လည်း ပံ့ပိုးငွေများကို သတ်မှတ်ကာလ(၆)လပြည့်လျှင် အပြေအကြေပေးဆပ်စေလိုပါ ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုက ဝါသီးနှံနှင့် ပတ်သက်၍ မျိုးကောင်းမျိုးသန့်များကို အချိန်မီရရှိရေး စိုက်နည်းစနစ်မှန်ကန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်၍ လိုအပ်သည့်အခက်အခဲများကို တင်ပြပေးစေလိုကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်လင်းကိုက သမဝါယမအသင်းသားတောင်သူများ ဝင်ငွေတိုးတက်စေရေး၊ ပန်းတိုင်အထွက် နှုန်းရရှိစေရေး အတွက်တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှင့်ညီမျှသော သွင်းအားစုများကို ပံ့ပိုးပေး ခြင်း ဖြစ်ပါကြောင်း၊ ပံ့ပိုးငွေကာလ အနေဖြင့် (၆)လသတ်မှတ်ထားပြီး ကာလစေ့ ရောက်ချိန်တွင် အသင်းသားမှထွက်ရှိသည့် ဝါကိုမိမိစိတ်ကြိုက် ရောင်းချပြီးငွေသားဖြင့်သာ ပြန်လည်ပေးဆပ် ရမည်ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က တောင်သူတစ်ဦး ချင်းအား သွင်းအားစုများပေးအပ်ခဲ့သည်။

မလှိုင်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်သမဝါယမ အသင်းစုမှ အခြေခံသမဝါယမအသင်း(၁၄)သင်းရှိ၍ အသင်းသားတောင်သူ(၂၉၆)ဦးတို့၏ ဝါစိုက် ဧက(၈၀၄)ဧကအတွက် ကျပ်သန်း(၁၆၀.၈)သန်းပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယု၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ  ဦးဇော်လင်းကိုနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ခွေးနှင့် အခြေခံ သမဝါယမ အသင်းများရှိ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm