Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဘဏ္ဍာရေးစည်းမျဥ်းနှင့် စာရင်းစစ်အကြံပြုချက်လျော့နည်းရေးသင်တန်း ဖွင့်လှစ်


23 May,2024

 လားရှိုး    မေလ    ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဘဏ္ဍာရေးစည်းမျဥ်း

နှင့် စာရင်းစစ်အကြံပြုချက် လျော့နည်းရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ(၂၀)ရက်၊ နံနက်(၁၀)နာရီအချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားေရးမှူး ဦးတင်မောင်စိုး က အဖွင့်အမှာစကားပြောကြားရာတွင် ဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကို စဉ်ဆက်မပြတ်ဖော်ဆောင်ရန် အတွက် အဓိကပံ့ပိုးနေသူများမှာ ဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ဝန်ထမ်းများပင် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးရေးစီမံကိန်း၊ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေး အသိပညာများ ဆွေးနွေးဖလှယ်ပြီး ဦးစီးဌာန၏ ရည်မှန်းချက် ပန်းတိုင်များနှင့် မဟာဗျူဟာများ အောင်မြင်ပြီးမြောက်စေသော လုပ်ဆောင်ချက် အစီအစဉ်များ ရရှိစေရန်အတွက် အရည်အချင်း ပြည့်ဝသည့် ဝန်ထမ်းများ မွေးထုတ်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နှင်းနှင်းသက် က  သင်တန်းဆိုင်ရာ မူဝါဒ၊ ရည်ရွယ်ချက်၊ စည်းကမ်းချက်များနှင့် သင်ကြားရေးအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ ဒေသအဆင့်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသူ/သင်တန်းသား (၃၀)ဦးဖြင့် မေလ(၂၀)ရက်မှ (၃၁)ရက်ထိ  ရက်သတ္တ(၂)ပတ်ခန့် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

              ဆက်ချစ်(ကျေးလက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm