Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြတ်ဧရာမေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


05 Sep,2023

ပုသိမ်၊ စက်တင်ဘာ ၅

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် မြတ်ဧရာမေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ရုံး၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဖွဲ့စည်းရေးဌာနစိတ်မှ ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အသင်းသားများ တက်ရောက်ခဲ့သည်။

          အဆိုပါ အစည်းအဝေးတွင် သဘာပတိအဖြစ် မြတ်ဧရာမေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဒေါ်သန်းသန်းလှက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ နှင့် အသင်းသားစာရင်းစစ်အစီရင်ခံစာများကို ဖတ်ကြားရှင်းလင်း၍ တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် အသင်းသားများအား တစ်ဦးလျှင် ချီးမြှင့်ငွေကျပ် တစ်သောင်းနှုန်းဖြင့် အသင်းသား ၂၃၆ ဦးအတွက် ငွေကျပ် ၂၃၆၀၀၀၀ နှင့် အစုပေါ်အမြတ်ငွေကျပ် ၄၈၀၀၀၀ တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm