Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး အပြာရောင်အဆင့်အိမ်ရာများ၌ ဝန်ထမ်းများပြန်လည်နေထိုင်မှု ကြည့်ရှုအားပေး


28 Apr,2025

နေပြည်တော် ဧပြီ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အင်ဂျင်နီယာအဖွဲ့များ လိုက်ပါလျက် သက်ဆိုင်ရာကစစ်ဆေး၍ အပြာရောင်အဆင့်သတ်မှတ်ချက်ဖြင့် ပြန်လည်နေထိုင်ခွင့်ပြုထားသော သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များသို့ ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စံပယ်အိမ်ရာသို့ သွားရောက်ပြီး ဝန်ထမ်းမိသားစုများ နှင့် တွေ့ဆုံကာ ရေ၊ မီး ရရှိမှု၊ အသေးစားပြင်ဆင်ပေးရမည့် လုပ်ငန်းများ ရှိ/ မရှိ၊ ခွဲဝေရရှိသော အခန်းနှင့် နေထိုင်သည့်ဝန်ထမ်းဦးရေ ကိုက်ညီမှု ရှိ/ မရှိ တို့ကို ကြည့်ရှုစစ်ဆေးကာ အဆောင် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် လိုအပ်သည်များ မှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သဇင် (၁)၊ သဇင် (၂)၊ သဇင် (၄) အပျိုဆောင်များ သို့ သွားရောက်၍ အဆောင်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။ ယင်းနောက် တစ်ခန်းချင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လတ်တလောပြုပြင်ပေးရမည့် လုပ်ငန်းများ ကို ဦးစီးဌာနအလိုက် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြား၍ ဝန်ထမ်းများ ယုံကြည် စိတ်ချစွာနေထိုင်နိုင်ရေးအတွက် အင်ဂျင်နီယာစစ်ဆေးချက်များကို ရှင်းလင်းပြောကြားကာ အားပေး စကားပြောကြားခဲ့သည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သဇင် (၅) လူပျိုဆောင်များသို့လည်းကောင်း၊ သဇင် (၆)၊ သဇင် (၇) နှင့် သပြေ (၂) အပျိုဆောင်များသို့လည်းကောင်း၊ သပြေ (၄) လူပျိုဆောင်သို့ လည်းကောင်း၊ အင်ကြင်းအိမ်ရာသို့လည်းကောင်း၊ ဘူးကွဲအိမ်ရာရှိ တိုက်ခန်းများသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဝန်ထမ်းမိသားစုများ ယာယီနေထိုင်ရန် ဆောက်လုပ်ပြီးစီးခဲ့သော ဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများ နေရာချထားပြီးစီးမှု၊ ရေ၊ မီးရရှိရေး စီစဉ်ဆောင်ရွက်ပေးမှု၊ ရုံးတက် ရုံးဆင်း ဖယ်ရီကား စီစဉ်ပေးမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ယာယီနေထိုင်စဉ်ကာလအတွင်း ကျန်းမာရေးဂရုစိုက်ရန်၊ ဝန်ထမ်းအချင်းချင်း ကူညီရိုင်းပင်းရန်၊ လိုအပ်ချက်များရှိပါက တာဝန်ရှိသူများထံ အဆင့်ဆင့်သတင်း ပို့ ဆောင်ရွက်သွားရန် တိုက်တွန်းအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်