Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သော စားသောက်ကုန်များ ပေးအပ်နေမှု အားပေးကြည့်ရှု


24 Apr,2025

နေပြည်တော် ဧပြီ ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယ ဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ် မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းရုံးသို့သွားရောက်၍ ဝန်ထမ်း လိုင်းခန်းများ မီးကြိုးသွယ်တန်းနေမှု၊ ရေရရှိရေး ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား ရေ၊ မီး အပြည့်အစုံဖြင့် ဝန်ထမ်းမိသားစုများ အမိုးအကာအောက် အမြန်ဆုံး ရောက်ရှိရေး ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ မဟာစည်သာ့သနာရိပ်သာသို့ သွားရောက်ပြီး ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြန်လည်နေထိုင်ရန် သင့်တော်သော အိမ်ရာများသို့ ဝန်ထမ်းများ ပြန်လည်နေထိုင်ရေး၊ ပြန်လည်နေထိုင်ရန် မသင့်သော ဝန်ထမ်းများကို အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိရေး မှာကြားသည်။ ယင်းနောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သော ဆန်၊ ဆီ၊ ကုလားပဲ စားသောက်ကုန်များ အား ညွှန်ကြားရေးမှူးချုပ်များက ပေးအပ်ရာ ဝန်ထမ်းများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) နှင့် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန (ရုံးချုပ်)သို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှ ထောက်ပံ့သော ဆန်၊ ဆီ၊ ကုလားပဲ စားသောက်ကုန်းများ ပေးအပ်နေမှုကို အားပေးကြည့်ရှုခဲ့သည်။ ဆက်လက်၍ ဝန်ထမ်းသက်သာ ဆိုင်သို့ သွားရောက်ပြီး ဝန်ထမ်းများအတွက် ကြက်ဥနှင့် လိုအပ်သော စားသောက်ကုန်များ အမြန် ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနပိုင် မြေနေရာ၌ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး စီစဉ်တည် ဆောက်ပေးနေသည့် (၂) ခန်းတွဲအိမ်ရာများကိုလည်းကောင်း၊ အဆိုပါမြေနေရာနှင့် ရုံးသို့ ဆက် သွယ်သောလမ်း ဖောက်လုပ်နေမှုကိုလည်းကောင်း၊ သောက်သုံးရေရရှိရေးအတွက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စက်ရေတွင်းတူးဖော်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးချုပ်သို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှ ထောက်ပံ့သော ဆန်၊ ဆီ၊ ကုလားပဲ စားသောက်ကုန်းများ ပေးအပ်နေမှုကို အားပေး ကြည့်ရှုခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်