Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အသေးစားကုန်ထုတ်လုပ်ငန်းပျက်စီးခဲ့မှုနှင့် ပြန်လည်လည်ပတ်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး


25 Apr,2025

နေပြည်တော် ဧပြီ ၂၅

          အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ် ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ ပျက်စီးခဲ့မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ကွမ်းခြံစု ကျေးရွာရှိ အဂ္ဂဂေဟာပန်းပုလုပ်ငန်းသို့သွားရောက်ပြီး မန္တလေးငလျင်ကြီးကြောင့် ပန်းပုလုပ်ငန်း အဆောက်အဦများ ပျက်စီးခဲ့မှုနှင့် ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပြီး လုပ်ငန်းများ စတင် လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲရှိပါက တင်ပြသွားရန်နှင့် MSME ချေးငွေများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့၊ အောင်ချမ်းသာ ရပ်ကွက်ရှိ ရွှေဥဒေါင်း ပဲခွဲစက်နှင့် ပဲကြော်ပဲလှော်လုပ်ငန်းသို့ သွားရောက်ပြီး မန္တလေးငလျင် ကြီးကြောင့် အဆောက်အဦနှင့် ပဲလှော်ဖိုများ ပျက်စီးခဲ့မှု အခြေအနေများနှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများလည်ပတ်ရန် အခက်အခဲရှိပါက MSME ချေးငွေများရရှိရေး ချိတ်ဆက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် သမဝါယမ အသင်းစုပိုင် ဘက်စုံသုံးခြံသို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် ရုံးအဆောက်အဦများ၊ နွားခြံ နှင့် ကြက်ခြံပျက်စီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားပါ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အပ်ချုပ်စက်သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းသုံးပစ္စည်း ထောက်ပံ့ပေးထားသူများ၏ ယွန်းမီ အပ်ချုပ်ဆိုင်အား ကြည့်ရှုအားပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက  လုပ်ငန်းများ ပိုမိုအောင်မြင် စေရေး တစ်ဦးတစ်ယောက်ချင်း မဟုတ်ဘဲ စုပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်