နေပြည်တော် ဧပြီ ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်း အိမ်ရာများအနက် အပြာရောင် အဆင့်သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများတွင် ဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများပြန်လည်နေထိုင်မှု အခြေအနေများနှင့် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပြာရောင်အဆင့် သတ်မှတ်ထားသည့် ဇမ္ဗူသီရိမြို့နယ်ရှိ အရာထမ်းအိမ်ထောင်သည်များ နေထိုင်သည့် ကံကော်အိမ်ရာတိုက်အမှတ် (၂၆၀)သို့လည်းကောင်း၊ သဇင်(၇)အဆောင်(၃) အပျိုဆောင်နှင့် သဇင်(၄) အဆောင်(၈)၊ အဆောင် (၉) အပျိုဆောင်များသို့လည်းကောင်း၊ သပြေ(၄)အဆောင်(၁)၊ အဆောင်(၁၆)လူပျိုဆောင်များသို့ လည်းကောင်း သွားရောက်ပြီး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများ ပြန်လည်နေထိုင်နေမှု အခြေအနေများနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ရေ၊ မီး များရရှိရေးနှင့် ပြုပြင်ပေးရန်လိုအပ်သည့် အပိုင်းများကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဏ္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးဝန်းအတွင်းရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ယာယီဘာရှာလိုင်းခန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယာယီဘာရှာ လိုင်းခန်းများတွင် ဝန်ထမ်းများ ယာယီပြောင်းရွှေ့နေထိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ယင်လုံအိမ်သာများနှင့် ရေ၊ မီးစနစ်များ အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက် သွားရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံးမြေနေရာတွင် နှစ်ခန်းတွဲ ယာယီဘာရှာလိုင်းခန်းများ တည်ဆောက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက မေလ ၁၅ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ နိုင်ရေး အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်